Samsung S4 GT-I9500 ဖုန်းအတွက် imei null repair ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် Firmware ရေးမှားလို့ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့်
imei null ဖြစ်နေခဲ့ရင်တော့ ဖေါ်ပြပါ modem.bin ဖိုင်ဖြင့် repair ပြုလုပ်နိုင်ပါတယ်။
ကျနော်ကိုယ်တိုင် စမ်းသပ်အောင်မြင်ထားခြင်းတော့မဟုတ်ပါ တောင်းဆိုလာတဲ့
သူရှိလို့ လိုက်ရှာရင်းနဲ့ အဆင်ပြေတယ်ကို တွေ့မိလို့ အသုံးပြုကြည့်လို့အောင်
ပြန်လည်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်၊ အောက်ကလင့်မှာ ရယူလိုက်ပါ။
ဒီ modem.bin ဖိုင်ကို Odin ဖြင့် Flash လုပ်ယူရမှာပါ၊ Odin တွင် CP or Phone နေရာမှ
modem.bin ဖိုင်ကို ထည့်သွင်းပြီး Flash ပေးယူရမှာပဲဖြစ်ပါတယ်၊ အောက်ပါပုံအတိုင်း...။
ဖုန်းမှာတော့ Download Mode သို့ဝင်ထားပေးရမှာပါ၊ Flashing process ပြီးလို့ ဖုန်းမှာ
Auto Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာရင်တော့ IMEI ကိုစစ်ကြည့်နိုင်ပါပြီ။

Ref-Exclusive: Samsung S4 GT-I9500 imei null repair (Youtube)
ဒေါင်းလော့လင့်အဆင်မပြေခဲ့ရင် မန်းထားခဲ့ပါ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment