Mi 3 နဲ့ Mi 4 ဖုန်းများကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက်
AOSP 7.0 Nougat ROM ထည့်သွင်းနည်း တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကိုအတွက် AOSP 7.0 Nougat ROM က Official ရဲ့
Rom တော့မဟုတ်ပါ XDA Senior Member များ၏ ဖန်တီးမှုပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
========
၁။ ဖေါ်ပြနည်းလမ်းသည် Mi 3 နဲ့ Mi 4 ဖုန်းများအတွက်ဖြစ်ပါတယ်။
၂။TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၃။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။
၎။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။
၅။ “AOSP 7.0 Nougat ROM” File ကိုဒေါင်းလော့ရယူပါ။
၆။ Mi 3 နဲ့ Mi 4 ဖုန်းအတွက် Gapps ကိုဒေါင်းလော့ယူပါ
၇။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။
ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
What doesn’t work
Video recording u need to use this app
Clock app FC when viewing world cities
SystemUI FC when activating Now-on-Tap
(May be fixed if u activate navigation bar using build.prop modification)
Download Android 7.0 AOSP ROM for Mi 3 and Mi 4
ZeurionX-V2.5-Nougat-08-28-16.zip
Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
၃။ “AOSP 7.0 Nougat ROM, Kernal, Gapps ဖိုင်များကို
ဒေါင်းလော့ရယူပြီး SD Card သို့ Copy ကူးထည့်လိုက်ပါ။
၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး “AOSP 7.0 Nougat ROM” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ Kernal, Gapps.zip ဖိုင်များကိုလည်း နည်းတူ Flash ပေးလိုက်ပါ

၈။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ AOSP 7.0 Nougat ROM လေးလန်းနေပါလိမ့်မယ်။
ဇူးနစ်(နည်းပညာ)

No comments:
Post a Comment