Tuesday, November 15, 2016

Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Marshmallow Root လုပ်နည်း



Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Marshmallow Root လုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်လုပ်မယ်ဆိုရင်တော့ ဖုန်းမှာ Bootloader ကို Unlock ပြုလုပ်ရမှာပါ
ပြီးရင် Custom Recovery ထည့်သွင်းရပါမယ်၊ပြီးတော့မှ Supersu.zip ဖြင့် ဒီဖုန်းကို
Root access ကိုအလွယ်တကူ ရယူနိုင်မှာပဲဖြစ်ပါတယ်။

  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Sony Xperia XA Dual F3116 အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=============
၁။ ဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။

၂။ Custom Recovery (TWRP) ထည့်သွင်းထားရပါမည်။

၃။ Download UPDATE-SuperSU-v2.76.zip



Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 Bootloader Unlock ပြုလုပ်နည်း



Sony Xperia XA Dual F3116 ဖုန်းဗားရှင်း 6.0 TWRP Recovery ထည့်သွင်းနည်း



Download UPDATE-SuperSU-v2.76.zip




 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။


adb commands များဖြင့် Recovery Mode သို့ဝင်ချင်တယ်
ဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဆက်ပြီး အောက်ပါအတိုင်း
Commands များကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


adb devices


adb reboot recovery



၎။ Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။





ဇူးနစ်(နည်းပညာ)


www.zunite.org

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...