Thursday, October 20, 2016

FACEBOOK MESSENGER မှာ ​လျှို့ဝှက်​မက်​​ဆေ့ခ်ျ​ ဘယ်လိုပို့မလဲ ♫



Messenger ရဲ့ Srcret Conversation ဆိုတာဟာ End-to-end encryption ဖြစ်ပြီး မက်ဆေ့ခ်ျပို့သူနဲ့ လက်ခံသူ နှစ်ယောက်တည်း မြင်နိုင်တဲ့ လျှို့ဝှက်မက်ဆေ့ခ်ျတွေပဲဖြစ်ပါတယ်။ Facebook ကတော့ လျှို့ဝှက်မက်ဆေ့ခ်ျတွေကို iOS နဲ့ Android ရဲ့ messenger app မှာ ခွင့်ပြုခဲ့ပါတယ်။ iOS နဲ့ android အတွက် facebook messenger မှာ လျှို့ ဝှက်လုံခြုံတဲ့ မက်ဆေ့ခ်ျတွေပို့ဖို့ Secret Conversation ကိုဘယ်လိုသုံးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။




အားလုံးပေါင်း အဆင့်လေးဆင့်ရှိပါတယ်။
အဆင့် (၁) Messenger ရဲ့ Home tab ကိုဝင်ပြီး ညာဘက်ထောင့်က new message ကိုနှိပ်ပါ။
အဆင့် (၂) screen ရဲ့ ညာဘက်ထောင့်က Secret ကိုနှိပ်ပါ။



အဆင့် (၃) ကိုယ်မက်ဆေ့ခ်ျပို့ချင်တဲ့သူကိုရွေးပြီး Start Srcret Conversation ကိုနှိပ်ပါ။



အဆင့် (၄) မက်ဆေ့ခ်ျပို့တဲ့နေရာရဲ့ ညာဘက်ဘေးမှာ timer ကိုနှိပ်ပြီး
မက်ဆေ့ခ်ျအလိုလိုပျောက်သွားမယ့် အချိန်ရွေးပေးပါ။



Secret conversation ကနေ တခြားသူနဲ့လျို့ဝှက် ပြောနိုင်ပြီး ကိုယ့်ဖုန်းကိုယူယူပြီး check တဲ့သူတွေဘယ်သူနဲ့ပြောထားလဲဆိုတာသိနိုင်မှာမဟုတ်တော့ပါဘူး။

ကိုယ့်ဖုန်းထဲက messenger ထဲက ပြောထားတဲ့ message ဟာလည်းသတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ အလိုလိုပျက်သွားမှာပါ။


Nwe Oo Thant (Myanmar Mobile App)

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...