Monday, September 5, 2016

Samsung Galaxy S4 I9505 ဖုန်းကို Android 7.0 Nougat [AOSP ROM] တင်နည်း


Samsung Galaxy S4 I9505 ဖုန်းကို Android 7.0 Nougat [AOSP ROM] တင်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Stock Rom Firmware ကတော့ Official မှ 5.0.1 ပဲချပေးထားပါတယ်သေးတယ်
ဒီဖုန်းထွက်ရှိထားတာလည်း သုံးနှစ်လောက်ရှိနေပါပြီ၊ ဒါပေမယ့် XDA-Developers များရဲ့ အားထုတ်မှုဖြင့်
latest Google update အများပြောနေကြတဲ့ Android 7.0 Nougat version ကိုတင်သုံးနိုင်ပါပြီ။

မိမိဘက်အိပိုင်းမှ သိထားရမှာကတော့ အဆိုပါ XDA-Developers Rom သည် Custom Rom ဖြစ်ကြောင်း
ဖုန်းတွင် Root access ရရှိပြီး TWRP Recovery စသည်များထည့်သွင်းထားရမည်ဖြစ်ကြောင်းတွေကိုပေါ့

တကယ်လို့ သင့်ဖုန်းအတွက် Android Version 5.0.1 Stock Firmware လေးနဲ့ မနေချင်တော့ပဲ
Android 7.0 Nougat တင်သုံးချင်သပါ့ဆိုရင်တော့ သင်ကိုယ်တိုင်သိထားရမှာ အော်...ငါ့ဘ၀က
Android phones တွေနဲ့ familiar ပါပဲဆိုတဲ့ ခံယူချက်လေးပေါ့.. အောက်ပါ စာကြောင်းလေးကို
အမြဲတမ်းအမှတ်ရပေးလိုက်ပါ၊ သင့်ဖုန်းအတွက် သို့တည်းမဟုတ် old Models များ အတွက် 

"Android is an open source operating system almost everything can be achieved easily."

လိုအပ်ချက်များ
========
၁။TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၂။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၃။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။

၎။ “AOSP 7.0 Nougat ROM” File ကိုဒေါင်းလော့ရယူပါ။

၅။ Galaxy S4 I9505 ဖုန်းအတွက် Gapps ကိုဒေါင်းလော့ယူပါ

၆။ ဖေါ်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပါရန်။


 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။





 Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ

 ၃။ “AOSP 7.0 Nougat ROM” File ကို ဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး “AOSP 7.0 Nougat ROM” File ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

 Gapps.zip ဖိုင်ကိုလည်း နည်းတူ Flash ပေးလိုက်ပါ

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ AOSP 7.0 Nougat ROM လေးလန်းနေပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ)

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...