Friday, September 2, 2016

Asus Zenfone 2 ZE551ML ဖုန်းကို ဗားရှင်း 6.0 Marshmallow တင်နည်း


Asus Zenfone 2 ZE551ML ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုတွေအတွက်
အသစ်တက်လာတဲ့ 6.0 Marshmallow Update ဗားရှင်းတင်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို January 2015 ခုနှစ်မှာ Lollipop Version ဖြင့်ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်
အခုတော့ 6.0 Marshmallow Update ထွက်ရှိလာပြီမို့ အသုံးလိုတဲ့သူတွေအတွက် တင်နိုင်ပါပြီ။


လိုအပ်ချက်များ
=========
၁။ ROM & Data များကို Backup ပြုလုပ်ထားပါ။

၂။ ဖုန်းအား အနည်းဆုံး 60% နှုန်းရှိရပါမည်။

၃။ ဒေါင်းလော့လင့်မှ ROM zip ကိုဒေါင်းလော့ရယူပါ။

၎။ ဖေါ်ပြပါ နည်းလမ်းအတိုင်း သေချာအောင်ပြုလုပ်ပါ။





 Firmware တင်နည်း
============
၁။ Firmware Rom zip ဖိုင်ကို ဒေါင်းလော့ရယူလိုက်ပါ။

၂။ ဒေါင်းလော့ရလာတဲ့ Rom zip ဖိုင်ကို Internal Storage သို့ထည့်ပါ။

၃။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတာကို ဖြုတ်လိုက်ပါ။

၎။ ဖုန်းရဲ့ Notification နေရာမှာ Update New ကိုပြပေးနေပါလိမ့်မယ်။
တကယ်လို့ မပြနေခဲ့ရင်တော့ ဖုန်းကို Restart ချပေးလိုက်ပါ။

၅။ Notification နေရာမှ မြင်နေရတဲ့ Rom zip ဖိုင်နေရာကို နှိပ်လိုက်ပါ။

၆။ ဖုန်းမှာ Flash Process တစ်ခုပြုလုပ်နေတုန်း ဆုံးအောင်စောင့်လိုက်ပါ။

၇။ Upgrade ပြုလုပ်ပြီးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Updae Version လေးလန်းနေပါပြီ။




ဇူးနစ်(နည်းပညာ)



www.zunite.org

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...