Samsung Galaxy J7 SM-J700H ဖုန်းကိုင်ဆောင်ထားကြတဲ့ သူတွေအတွက်
ဗားရှင်း 6.0.1 Marshmallow OTA Update တင်နည်းကို မျှဝေလိုက်ပါတယ်။
ဒီဖုန်းတွက် 6.0.1 Marshmallow ဗားရှင်းကို Official မှ တိုက်ရိုက်ချပေးနေပါပြီ
နောက်ဆုံးထွက် ကိုမှ အသုံးပြုချင်ကြတဲ့ သူတွေကတော့ Update တင်ယူနိုင်ပါပြီ။
Supporting Versions
============
Samsung Galaxy J7 SM-J700H.
လိုအပ်ချက်များ
=========
၁။ ဖုန်းရဲ့ Device Mobile No စစ်ကြည့်ပါ။
၂။ ဘက်ထရီအား အနည်းဆုံး 80% နှုန်းရှိရပါမည်။
၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။
၎။ WIFI or Mobile Data များလိုအပ်ပါမည်။
၅။ ဖိုင် Size 1.5 GB ရှိတာမို့ လိုင်းကောင်းဖို့လိုပါမည်။
6.0.1 Marshmallow OTA Update တင်နည်း
========================
Marshmallow OTA Update တင်နည်းကတော့ အရမ်းလွယ်ကူပါတယ်
ဖုန်းကို ကြိုတင်ပြီး Backup ပြုလုပ်ထားပြီးရင်တော့ လိုင်းဆွဲအားလည်း
အဆင်ပြေတယ်ဆိုရင်တော့ အောက်ပါအတိုင်း တင်ယူလိုက်ပါ။
Settings >About >System Update >Update ဆိုပြီး တစ်ချက်နှိပ်ပေးပြီး
တင်ယူလိုက်ရုံပါပဲ မိမိ၏ လိုင်းဆွဲအား အပေါ်မူတည်ပြီး အချိန် ကြာမြင့်နိုင်ပါတယ်၊
မှတ်ချက်။ တကယ်လို့သင့် ဖုန်းအတွက် OTA Update စနစ်ဖြင့် အဆင်မပြေခဲ့သော်
Manual အနေဖြင့် တင်ယူနည်းကို နောက်ထပ်ပိုစ့်တစ်ခုတွင် ထပ်ပြီးလေ့လာလိုက်ပါ။
Screenshots
Galaxy J7 SM-J700H ဖုန်းဗားရှင်း Android 6.0.1 Update တင်နည်း
ဇူးနစ်(နည်းပညာ)
www.zunite.org
No comments:
Post a Comment