Wednesday, August 24, 2016

Samsung Galaxy A9 Pro ဖုန်းဗားရှင်း Android 6.0.1 Root လုပ်နည်း




Samsung Galaxy A9 Pro ကို Root လုပ်ချင်နေကြတဲ့ညီအကိုတွေအတွက်
Android 6.0.1 Root လုပ်နည်း Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်း ဗားရှင်း Android 6.0.1 Marshmallow ကို Root လုပ်မယ်ဆိုရင်တော့
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပေးထားရမှာပဲဖြစ်ပါတယ်။


အဆိုပါ Custom Recovery ကိုထည့်သွင်းထားပါမှ SuperSu.zip ဖိုင်ဖြင့်
Recovery Mode မှ အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။



  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Samsung Galaxy A9 Pro အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ဖုန်းမှာ Custom Recovery ထည့်သွင်းထားရမည်။


၂။ Download UPDATE-SuperSU-v2.76.zip


Samsung Galaxy A9 Pro ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


Download UPDATE-SuperSU-v2.76.zip



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)


www.zunite.org

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...