Monday, May 9, 2016

Samsung All Models 2016 FRP locks အားလုံးကို ကျော်ဖြတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း



Samsung All Models 2016 FRP locks အားလုံးကို ကျော်ဖြတ်နိုင်မယ့် 
တစ်ခုတည်းသောနည်းလမ်းကို သိုင်းလောကသားများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖေါ်ပြပါ နည်းလမ်း Tutorial သည် သိုင်းလောကတွင် အားလုံးထက် 
Top ရောက်နေတဲ့ Security Locks ကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ့် 
တစ်ခုတည်းသော နည်းလမ်းသစ်ပဲဖြစ်ပါတယ်။

တစ်လုံးသော ဖုန်း & Tab များအတွက် မဟုတ်ပါခင်ဗျား 
Samsung All Models 2016 FRP locks အားလုံးကို 
ကျော်ဖြတ်နိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

Box များမလို၊ By pass apk များမလို၊ OTG Cable မလိုပဲ ဒီဇာတ်လမ်းကို
အဆုံးသတ်ပေးမယ့် အလွယ်ကူဆုံး simple method ဖြင့်ကျော်ဖြတ်နိုင်ပါပြီ။

ဖုန်းကိုတော့ ကလစ်ချင်တယ်၊ ကလစ်လိုက်တယ်၊ Firmware ကောက်ရေးတယ်၊
Factory Reset ချတယ် စသည်ဖြင့် သိုင်းလောကရဲ့ Daily Home work တွင် 
FRP Lock ဆိုတာကြီးက Professional မိုဘိုင်းဆားဗစ်ဆိုင်တွေနဲ့ ဆရာကြီးများကို
အနှောက်အယှက်ဖြစ်စေနိုင်တာကိုတော့ အားလုံးလည်းလက်ခံပြီးဖြစ်ပါလိမ့်မယ်။

ယုံကြည်ရာကို လမ်းလျှောက်နေကြတဲ့ ကျွန်တော်တို့တွေအားလုံးအတွက်
အခက် အခဲ ဆိုတာကို ကျော်ဖြတ်သွားဖို့ရန် အဆိုးဆုံးအခြေအနေကြားမှ
မိုင်အကုန် ကြိုစားသွားကြပြီး မဆုံးတဲ့ခရီးရှည်ကို ရွက်လွှင့်သွားဖို့အသင့်ဖြစ်နေဖို့ပါပဲ။

သိုင်းလောကတွင် အရေးမကြီးတဲ့ သိုင်းကွက်လည်း မရှိသလောက်ဆိုသလို
သိပြီး တတ်ပြီး ကျွမ်းကျင်ပြီးသား Techinician များအတွက်တော့ ထူးဆန်းထွေလာမဟုတ်ပါ

ဒါပေမယ့် E အားနည်းသူများနဲ့ လေ့လာအားနည်းသူများအတွက် ဒီ Security Lock
သည် သိုင်းလောကကို လက်ပြတ်နှုတ်ဆက်ချင်စိတ်ပေါက်လောက်အောင်ပါပဲ။

ဘာပဲဖြစ်ဖြစ် အခုနည်းအတိုင်း ကြိုးစားပြုလုပ်သွားမယ်ဆိုရင်တော့
လူတိုင်း ပြုလုပ်ယူနိုင်တဲ့ အလွယ်ကူဆုံး By pass ကျော်နည်းဖြစ်ပါတယ်။


Gamil Account က ရှေ့ဆက်ပြီးတော့ ပြသနာဖြစ်နိုင်သေးတာလား
======================================
FRP Security Lock အကြောင်းကိုပြောရင်တော့ Gmail အကောက်နဲ့ လက်ရှိနာမည်ကြီးပြီး
လူကြိုက်များနေတဲ့ ဖုန်းကုမဏီများကိုပါ ထပ်လောင်းပြောကြားရတော့မှာပဲဖြစ်ပါတယ်။

မိမိကြိုက်နှစ်သက်မှု အပေါ်မတူပြီး ဖုန်း New One ကိုဝယ်ယူကြတဲ့အခါ
Samsung, Micromax, HTC, Intex, Lenovo စတဲ့ ဖုန်းတွေအားလုံးမှာ
ဖုန်း Device ကိုစတင်အသုံးပြုရန် အတွက် (သို့) Activation တစ်ခုပြီးလုပ်ဖို့
အတွက် အဓိကတောင်းဆိုနေတာက Gmail အကောက်ပဲဖြစ်နေပါတယ်။

ဒီတော့ မိမိဖုန်းတေ့ Gmail မရှိသေးတဲ့သူတွေမှာဆို အသစ်တစ်ခု Register တင်ရ
ဖုန်း Data များလုံခြုံအောင်ဆိုပြီး Screen lock & Pattern lock စတဲ့ seurity အတွက်
ပေးထားတဲ့ Password များကို မေ့ပျောက်တတ်တဲ့ သူများအတွက်တော့ Gamil Account နှင့်
ရှေ့ဆက်ပြသနာက ဆက်လက်ဖြစ်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။

တကယ်လို့ အဆိုပါ Security lock အတွက် Passowrd ကိုမေ့ပျောက်သွားခဲ့ရင်တော့
ဖုန်းတစ်လုံးကို Reset တစ်ခုပြုလုပ်ပေးရတာ၊ Firmware အသစ်ပြန်ရေးတင်ရတာ စတာမျိုးကို
ပြုလုပ်ပြီး ဖြေရှင်းပေးရမှာပဲဖြစ်ပါတယ်။

ကဲ Reset တစ်ခုချပေးတာ Firmware အသစ်ပြန်ရေးတာက ဟုတ်ပါပြီ
ဖုန်းက လုပ်ဆောင်စရာ process တစ်ခုပြီးလို့ ပြန်တက်လာတဲ့အခါ ဖုန်း Device ကို
ပြန်လည်စတင်အသုံးပြုနိုင်ဖို့ရန်အတွက် ပထမဆုံး Register တင်ပေးခဲ့တဲ့
Gmail account ကိုပဲထပ်တောင်းနေဦးမှာပဲဖြစ်ပါတယ်။

မိမိကိုယ်ပိုင်ဖုန်းတစ်လုံးအတွက်ဆိုရင်တော့ မိမိပေးထားခဲ့တဲ့ Password ကို
မှတ်မိနေတယ်ဆိုရင် ပြသနာမဟုတ်ပေမယ့် တစ်ခြား Customer ရဲ့ လုပ်လုံးများ

ဘော်ဒါများ၏ အလုံးများ စသည်ဖြင့် အခြေအနေ အကြောင်းကြောင်းကြောင့် ရောက်
လာတဲ့ဖုန်းဖြစ်နေတယ်ဆိုရင်တော့ တေပြီဆရာပဲ ဆက်သွယ်မေးမြန်းဖို့ကလည်း
အခက်ရှိနေပြန် အများပြောနေတဲ့ By pass ကျော်နည်းအတွက်လည်း လိုအပ်မယ့်
ပစ္စည်းများ အစုံအလင်ရှိမနေဘူးဆိုရင်တော့ FRP Security Lock ကြီးကတော့
သင့်ကို လှိုက်လှဲစွာဖြင့် Welcomely Welcome ပဲခင်ဗျား...

အခုဖေါ်ပြနည်းလမ်းသည် မေ့နေတဲ့ Gmail account ရဲ့ Password (သို့)
FRP Security Lock ကို အလွယ်တကူ Reset တစ်ခုပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်
100% နှုန်းဖြစ်တဲ့အတွက် Tutorial Guide ကိုသာသေချာအောင်လေ့ကြည့်လိုက်ပါ။



Download Lock Screen Security byppass.zip 



လိုအပ်ချက်များ
=========
၁။ Samsung ဖုန်းနဲ့ တစ်ခြား ဘယ်မျိုးကိုမှာမဆို ဘက်ထရီအားရှိနေရပါမယ်။

၂။ Lock screen security byppass file ကိုဒေါင်းလော့ရယူထားရပါမယ်။

၃။ SD Card (ကောင်းကောင်းအလုပ်လုပ်တဲ့ ကဒ်မျိုးဖြစ်နေရပါမယ်)

၎။ Micro usb cable တစ်ချောင်းလိုအပ်ပါမယ်။

၅။ Computer or Laptop တစ်လုံးတော့ လိုအပ်မယ်။



FRP Lock ကို Reset ကျော်ဖြတ်နည်း
=====================
၁။ မိမိဖုန်းသည် Custom Recovery တစ်ခုဝင်လို့ရတဲ့ဖုန်းမျိုးဖြစ်နေရပါမယ်။

၂။ Lock Screen Security bypass file ကိုဒေါင်းလော့လင့်မှာရယူလိုက်ပါ။

၃။ Lock Screen Security bypass.zip ဖိုင်ကို SD Card သို့ကူးထည့်လိုက်ပါ။

၎။ SD Card ကို ဖုန်းမှာထည့်လိုက်ပါ။

၅။ Volume Up + Home + Power ကိုတွဲနှိပ်ပြီး၊ Recovery mode သို့ဝင်လိုက်ပါ
MTK Device နှင့် တစ်ခြား ဖုန်းအမျိုးစားတွေမှာတော့ Volume Up + Power ကိုနှိပ်ပါ။

၆။ Recovery Mode တွင် Lock Screen Security bypass.zip ဖိုင်ကို Flash ပေးလိုက်ပါ။

၇။ Flash process တစ်ခုပြီးတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။

၈။ စက်ပြန်တက်လာတဲ့အခါ Congratulation ပါပဲခင်ဗျား။



SD Card ဖြင့်အဆင်မပြေရင် ဖြေရှင်းနည်း
=======================
၁။ Volume Up + Home + Power ကိုတွဲနှိပ်ပြီး၊ Recovery mode သို့ဝင်လိုက်ပါ
MTK Device နှင့် တစ်ခြား ဖုန်းအမျိုးစားတွေမှာတော့ Volume Up + Power ကိုနှိပ်ပါ။

၂။ Recovery mode တွင် Advance ဆိုတာကိုနှိပ်လိုက်ပါ၊ ပြီးရင် adb sideload ဆိုတာကိုရွေးချယ်လိုက်ပါ

၃။  adb sideload security lock remove.zip ဆိုပြီး ရိုက်ထည့်လိုက်ပါ။

၎။ အားလုံးပြီးသွားရင်တော့ SD Card ဖြင့် အဆင်ပြေသွားပါလိမ့်မယ်။




ဇူးနစ်(နည်းပညာ)

မိုဘိုင်ဖုန်း ပြုပြင်နည်းသင်တန်း


မိုဘိုင်းဆားဗစ်ပညာရှင်များ လစဉ်မွေးထုတ်ပေးရာ ထိုင်းနိုင်ငံ၏
 အကောင်းဆုံး မိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း




နေရာ-တိုက်နံပါတ် 20/105 DK မီးပွိုင့်အနီး (ပန်းခြံဆောင်)
ဘန်ဘော၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။




ဇူးနစ် (နည်းပညာ) 


www.zunite.org

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...