Thursday, March 10, 2016

iPad Air 3G အား hardware နည်းလမ်းဖြင့် iCloud ကျော်နည်း



မန္တလေးမြို့မှာမိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းတက်ရောက်လိုသူများအတွက်၂၀၁၆ မတ်လ ၇ ရက်နေ့တွင် Myanmar Mobile App မှ မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း (Mobile Software/Hardware System Repairing Course) တန်းခွဲသစ်များဖွင့်လှစ်ပါမည်။ အသေးစိတ်သိရှိလိုပါက => ဒီနေရာ <= ကိုနှိပ်ပါ။
ipad air 3G အား hardware ဖြုတ်တပ်နည်းလမ်း ဖြင့် icloud ကျော်နည်းလေး မျှဝေပါရစေခင်ဗျ ။ ၁၀၀ %ပြည့်ရကြောင်း စမ်းသက်ပြီး အာမခံပါသည် ။ ipad air 3G အား icloud ကျော်ပြီးပါ က 3G သုံးလို့ မရတော့ပါ Wifi သာ သုံးလို့ ရမည် ဖြစ်ပါတယ် ။ ၁။ သင့် Ipad air ကို Hardware နည်းဖြင့် icloud ကျော်မည် ဖြစ်ပါသဖြင့် Touch မှန်ကို ခွာပြီး စက်ပြားအားထုတ်လိုက်ဖို့ လိုအပ်ပါသည်။ (မှန်ခွာရာတွင် သတိထားခွာရန်လိုအပ်ပါသည်) ၂။စက်ပြားထုတ် ပြီးပါ က ပုံတွင် ပြထားသည်အတိုင်း R1506 ကို ဖြုတ်ထုတ်လိုက်ပါ CPU နှင့် အလွန်နီးပြီး အလွန်သေးငယ် သည့်အတွက် အပူမသုံးပဲ ဇာဂနာ နှင့် သာ ကလှော်ထုတ် လိုက်ပါ ထို Resistor လေးပြုတ်သွားလျှင် ရပါပြီ R1507 သည် Schematic Diagram တွင် သာပါပြီး ဘုတ်ပြားပေါ်တွင် မရှိပါ ။ ၃။ ipad air အား ပြန်ပြီးတပ်ဆင်လိုက်ပါ ပြီးနောက် ပါဝါဖွင့်လိုက်ပါ ထိုအခါ DFU mode သို့ ရောက်ပြီး ဘာပုံမှပေါ်မည်မဟုတ်ပါ သို့ သော် စိုးရိမ်စရာမရှိပါ ၄။ကွန်ပြူတာနှင့်ချိတ်ဆက်ပြီး Firmware ပြန်တင်လိုက်ပါ firmware တင်ရာတွင် နဂိုမူလ ipad air 3G Firmware (iPad Air Cellular): iPad4,2_9.2.1_13D15_Restore.ipsw ကိုမတင်ပဲ ipad air wifi firmware (iPad Air Wi-Fi): iPad4,1_9.2.1_13D15_Restore.ipsw ကိုတင်လိုက်ပါ ၅။Firmware တင်ပြီးသွားပါက icloud ကျော်သွားပြီ ဖြစ်ပါသဖြစ် မိတ်ဆွေ အသုံးပြုလို့ ရပါပြီ ခင်ဗျာ …… သတိ (ipad air wifi ကို icloud ကျော်မရပါ)

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...