Tuesday, February 16, 2016

Samsung Galaxy S Duos 2 S7582 CWM ထည့်သွင်းပြီး Root လုပ်နည်း


 Galaxy S Duos 2 S7582 CWM ထည့်သွင်းပြီး Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို CWM Recovery ထည့်သွင်းမယ်ဆိုရင်တော့ ပုံမှန်အတိုင်း 
Odin ကနေအလွယ်တကူ Flash ပေးပြီးထည့်သွင်းနိုင်ပါတယ်။


CWM Recovery ထည့်သွင်းပြီးရင်တော့ SuperSu.zip ဖိုင်ဖြင့်
Recovery Mode ကနေ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။

CWM ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ



CWM Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ recovery-tar.zip ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ CWM Recovery ရရှိနေပါပြီ။


SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
=========================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ 
၁။ UPDATE-Kinguser-3.4.0.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၂။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၃။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၎။ UPDATE-Kinguser-3.4.0.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...