Friday, May 15, 2015

MEDIATAK က CORE 10 သုံး CPU မိတ်ဆက်




ကမ္ဘာ့ ပထမဦးဆုံး Core 10 လုံးမောင်းနှင်မည့် စမတ်ဖုန်းသုံး ပရိုဆက်ဆာကို ထိုင်ဝမ်အခြေစိုက် MediaTek ကHelio X20 အမည်ပေးထားပြီးထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ် ။အဆိုပါ CPU ဟာ စွမ်းအင်ချွေတာပြီး ဈေးနူန်းမှာလည်းကုန်ကျစရိတ်သက်သာစေရန်ဖန်တီးထားတယ်လို့ ကုမ္ပဏီ ကအဆိုပါပွဲမှာပြောကြားခဲ့ပါတယ်။ အဓိက မဟာပြိုင်ဘက် Qualcomm မှ နာမည်ကြီး ပရိုဆက်ဆာတွေဖြစ်ကြတဲ့ Snapdragon 810 နဲ့ 808 တို့ထက်စွမ်းဆောင်ရည်ကောင်းမွန်စေဖို့နဲ့ 
Qualcomm ရဲ့ဈေးကွက်ချဲ့ထွင်းမှုအနည်းငယ်ရပ်တန့်သွားစေဖို့ရည်၇ွယ်ခြင်းဖြစ်နိုင်ကြောင်းကျွမ်းကျင်သူများကဆိုသည်။ Qualcomm ရဲ့အောင်မြင်မှုတွေအနေနဲ့ ယခုသတင်းပတ်အတွင်းထွက်လာခဲ့သော Xiaomi ထိပ်တန်းအဆင့် မြင့်ဖုန်း Mi Note Pro တွင် Snapdragon 810 သုံးခဲ့ပြီး ယခုလက်ရှိ မိုဘိုင်း ကျွမ်းကျင်သူများမှတ်ချက်ပေးခံရလောက်အောင်ကောင်းမွန်ပြီး အကောင်းဆုံး လို့သတ်မှတ်ခံထားရတဲ့ LG G4 မှာသုံးထားတဲ့ Snapdragon 808 Hexa core processor နဲ့ 810 သုံး G Flax တို့ရဲ့အောင်မြင်မှုတွေက Qualcomm ကိုအမြင့်ဆုံးအနေအထားမှာရှိစေခဲ့ပါသည်။ Deca-core လို့နာမည်ခေါ်ဆိုခြင်းခံထားရတဲ့ 




Core 10 processor ကMediatak 
 အတွက်ယခင်နှစ်ကလိုပွဲသိမ်းရိုက်ချက်ဖြင့်အောင်မြင်မှုများရယူပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ယခင်နှစ်က Meizu MX4 မှာသုံးထားတဲ့ MT 6595 က CPU ဟာအလွန်ကောင်းမွန်ခဲ့ပြီး Samsung ကုမ္ပဏီ ကြီးကတောင် Mediatak CPU များအသုံးပြုမယ်လို့လေသံပစ်တဲ့အထိအောင်မြင်မှုရခဲ့ပါတယ်။ ယခု Deca-core CPU မှာ Quad-core Processor နှစ်လုံးကို စွမ်းအင်မြင့် Dual-core ပရိုဆက်ဆာနှင့်တွဲပြီးလည်ပတ်မည်ဖြစ်သည်။



Credit ;Phone News Up To Date

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...