Friday, January 30, 2015

ဆိုဒ်ကြီးတဲ့ ဖိုင်တွေကို ZIP ဖိုင်လေးနဲ့ အပိုင်းပိုင်းခွဲပြီး ထားရအောင်



အားလုံးပဲ မင်္ဂလာပါခင်ဗျာ..
ကျွန်တော် ဒီတစ်ခါတင်ပေးချင်တာလေးကတော့
zip ဖိုင်ကို ချုံ့တဲ့အခါ ကျွန်တော်တို့ အပိုင်းလေးတွေ
နဲ့ ခွဲပြီး ချုံ့ကြရအောင်ပေါ့ဗျာ..
ရှင်းရှင်းပြောရရင်တော့ 6 GB ပမာဏ ရှိတဲ့ Folder တစ်ခုကို
ကျွန်တော်တို့ 2 GB ပမာဏ zip ဖိုင် 3 ဖိုင်ခွဲထုတ်နည်းပေါ့ဗျာ..
ကျွန်တော်လည်း အခုမှ သိတာပါ .. ဆရာတော့ မဟုတ်ပါ
သူများရေးပြီးသားလေးကို ပဲ အစီအစဉ်တကျဖြစ်အောင် ပြန်ပြီး
ရေးသားထားတာပါ
ဖိုင်တွေကို ချုံ့တဲ့  Winrar လေးနဲ့ပါပဲ
မရှိရတော့ အောက်မှာ ဒေါင်းလိုက်ပါနော်..
အဲ့ တစ်ခုတော့ ရှိတယ်ဗျာ ဖိုင်လေးကို ခွဲပြီး မချုံ့ခင်မှာ
ကျွန်တော်တို့ တစ်ခုသိထားဖို့လိုတယ်ဗျာ...

1024 B မှာ 1 MB ပါ ၊ 1024 MB မှာ 1 GB ပါ
ဒါလေးတွေရဲ့ ဆက်နွယ်မှု ကို သိထားမှအဆင်ပြေမှာပါ
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ 1 GB ပမာဏ ရှိတဲ့
ဖိုင်ကို ခွဲမယ်ဆိုရင်တော့ Rar ချုံ့ တဲ့အခါမှာ GB နဲ့ အလုပ်
မလုပ်တော့ပါဘူး ဆိုဒ်သေးသွားတဲ့အတွက်ကြောင့် MB နဲ့ပဲ
အလုပ်လုပ်တော့တာပါ... MB ပမာဏ ရှိတဲ့
ဖိုင်ကို ခွဲမယ်ဆိုရင်တော့ Rar ချုံ့ တဲ့အခါမှာ MB နဲ့အလုပ်
မလုပ်တော့ပါဘူး KB နဲ့ပဲ အလုပ်လုပ်ရမှာပါ..
ဟုတ်ကဲ့ ဒီသဘောတရားလေးတွေသိရင်တော့
စလို့ရပါပြီး
ကဲ စရအောင်.......
အရင်ဆုံး ကိုယ် ခွဲချင်တဲ့ folder  လေးကို ဖွင့်လိုက်ပါ ...
ပြီးရင် R  Click နဲ့ add to archive ကို နှိပ်ပေးလိုက်ပါ..



ပြီးရင် ကိုယ်ခွဲမယ့် ဖိုင်လေးကို ကြည့်ပါ ....
GB ပမာဏရှိရင်တော့ MB ကိုရွေးပေးရမှာပါ..
ဒါပေမယ့် တစ်ခါတစ်လေမှာ 3 GB လောက်ရှိတဲ့
ပမာဏကို zip နဲ့ 3 ဖိုင်ခွဲမယ်ဆိုရင်တော့ MB ပြောင်းစရာ
မလိုပါဘူး....ဒါလေးတွေသိထားရင်ရပါပြီ...
ကျွန်တော်ကတော့  4GB ပမာဏရှိတဲ့ ဖိုင်တစ်ခုကို 2 ပိုင်းခွဲပြမှာပါ..
ကျွန်တော် GB ကို ရွေးပေးလိုက်ပါတယ်






ပြီးရင်တော့ ok ပေးလိုက်ပေါ့နော်
အပေါ်နားလေးက  browse ဆိုတဲ့ နေရမှာတော့
ကိုယ်ဖိုင်ကို ထားချင်တဲ့နေရာကိုရွေးပေးလို့ရပါတယ်
ဘာမှမရွေးရင်တော့ ကိုယ်ခွဲခဲ့ဖိုင်နားလေးမှာ ရွေးထားပါတယ်


ကဲပြီးသွားရင်တော့ အောက်ကပုံမှာ ကြည့်လိုက်ပါ
တစ်ခုက 2 GH ပါ ကျန်တဲ့ တစ်ခုက 1.80 GB ပါ
4.20 GB လောက်ရှိတဲ့ ပမာဏ တစ်ခုကို 2 ခုခွဲ ချုံ့ ရင်
အဲ့အတိုင်းအတိအကျရပါတယ် 4.20 ကို ၃ ပိုင်းပိုင်းမယ်
ဆိုရင်တော့ 4.20 ကို 3 နဲ့စားလိုက်ပေါ့...နော့်



WinRar 32 bit >>> Download 1718 KB
WinRar 64 bit >>> Download 1896 KB

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...