Saturday, July 5, 2014

USB ကနေ အလွယ်တကူ Windows တင်မယ်



မင်္ဂလာပါခင်ဗျာ... USB ကနေ အလွယ်တကူ Windows တင်ချင်သူများအတွက် WiNToBootic v2.1 ကိုအသုံပြုပြီး Windows တင်နည်းကို မျှဝေပေးလိုက်ပါတယ်... အရင်ကလည်း WinToFlash ကိုသုံးပြီး USB Drive ဖြင့် Window တင်နည်း ကို http://www.pyayblogger.com/2012/04/wintoflash-usb-drive-window.html နေရာလေးမှာရေးပေးခဲ့ပြီးပါပြီ.... USB ကနေ၀င်းဒိုးတင်တဲ့ software တွေအများကြီးထဲကမှ ဒီကောင်လေးကတော့ Install လုပ်စရာလည်းမလိုပါဘူး
သုံးရတာအဆင်ပြေလွယ်ကူတဲ့အပြင် ဖိုင်ဆိုက်လည်းသေးလို့ ဆောင်ထားစေချင်ပါတယ်... ပြုလုပ်အသုံးပြုနည်းကိုတာ့ အောက်မှာ တဆင့်ခြင်း ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်..

USB Stick ကို Bootable ရေးဖို့အတွက်
အရင်ဆုံး Download မှရလာတဲ့ WiNToBootic ကိုဖွင့်လိုက်ပါ...





မြှားပြထားသည့်အတိုင်း မိမိတပ်စင်ထားသော Stick ကိုရွေးပေးပြီး
Quick Format နေရာတွင် အမှတ်ခြစ်ပြီး Do It ကို နှိပ်ပြီး Format ချပါ...








ဒီနေရာမှာ Format ချခြင်းပြီးဆုံးသွားပါပြီ Thank ကိုနှိပ်ပါ...






မြှားပြထားသော Drop Source or Click ကို Click ပြီး
မိမိ Windows ISO ဖိုင်ထားရှိသည့်နေရာကို ရွေးပေးပါ...





ရွေးချယ်ပြီးသွားပါက ပုံမှာပြထားသည့်အတိုင်း မိမိပြုလုပ်လိုတဲ့ Windows ကိုမြင်တွေ့ရမှာဖြစ်ပါတယ်...
Do it ကိုနှိပ်ပါ...





အပေါ်ပုံမှာပြထားသည့်အတိုင်း စတင်ရေးသားနေသည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်...












ဒီနေရာရောက်ရင် Bootable ရေးသားခြင်းပြီးပါပြီ Thank ကိုနှိပ်ပြီး ပြန်ထွက်ပါ...



မိမိပြုလုပ်လိုက်တဲ့ USB Stick ကို Bootable လုပ်ဆောင်ပြီး Windows Startup ပုံဖြင့်
အပေါ်မှာ ပြထားသည့် ပုံအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်...


ဒါဆိုရင်တော့ USB ကနေ Window တင်ဖို့အဆင်သင့်ဖြစ်ပါပြီ ... ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်.. Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ... First Boot ကို USB HDD လို့ပြောင်းပေးရပါမယ် ...... Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ ... Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ.. .ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်ပါပြီ ...

Create a Bootable USB Flash Drive For Windows 8 with WiNToBootic

Windows မတင်တတ်သေးသူများအတွက်
XP+ Vista+7 တင်နည်းမြန်မာလိုစာအုပ် (၅) အုပ်

>>> Download <<<
Using Microsoft Windows 8
(Window 8 ထည့်သွင်းနည်းမှစ လက်တွေ့သုံးနိုင်ရန် ပြည့်စုံစွာရှင်းပြထားသည်)


>>> Download <<<
WiNToBootic v2.1


Sharebeast
>>> Download <<<


Zippyshare
>>> Download <<<

Download ယူနည်း
>>> ကြည့်ရန် <<<
လင်းငယ်အိမ်းလေးမှ..copy

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...