Friday, July 18, 2014

How to make Page Curl (ဖိုတိုရှော့စ်သင်ခန်းစာ)

ကျွန်တော်ဒီတစ်ခါမိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်လေးလုပ်ကြည့်ရအောင်။
သူငယ်ချင်းတို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်နဲ့အတူလိုက်ကြည့်ရအောင်..
ပထမဆုံး မိမိပြုလုပ်မဲ့အောက်ကနေခံမယ့်ပုံကိုအရင်ယူလိုက်ပါမယ်...

ပုံ 1 ။။ အောက်ကနေခံမယ့်ပုံကိုယူပြီးရင် သူ့ကို Layer 1 လို့နာမည်ပေးလိုက်မယ်။ပြီးရင် ဒုတိယ
အပေါ်ကထားမယ့်ပုံလေးကိုထပ်ယူလိုက်ပါမယ်။ ပြီးရင် ပထမပုံပေါ်ကို Move tool လေးသုံးပြီး
ဆွဲဒုတိယပုံပေါ်ဆွဲယူသွားလိုက်ပါ။ ဒုတိယယူလာတဲ့ပုံကို Layer 2 လို့နာမည်ပြောင်းလိုက်ပါ။

ပုံ 2 ။။ ပြီးရင် အဲ့ဒုတိယပုံကို ကျွန်တော်တို့ Edit ကနေ Transform သွားလိုက်ပါမယ်။

ပုံ 3 ။။ ထပ်ပေါ်လာတဲ့ဘောက်ကနေ Warp ကိုယူလိုက်ပါ။

ပုံ 4 ။။ ဒီလိုမျိုးလေးဖြစ်သွားရင် အနားစောင်းထောင့်လေးကနေ မောက်စ့် လေးဖိပြီးလိုသလို
ဆွဲတင်လိုက်ပါ။ သိပ်ပြီးမခက်ပါဘူး။ မိမိအဆင်ပြေမဲ့ပုံလေးတွေသုံးပြီး လှအောင်ဖန်တီးကြည့်ပါ။
ပုံ 5 ။။ ပြီးရင် Layer ကနေ Layer Style ကိုသွားလိုက်ရင်ပေါ်လာတဲ့နောက်စာမျက်နှာကနေ
Drop Shadow ကိုယူလိုက်ပါ။ ဘောက်လေးကျလာရင် ပုံမှာပြထားတဲ့အတိုင်း သူ့ရဲ့တန်ဖိုးတွေကို
ပြထားတဲ့အတိုင်း ပြောင်းပေးလိုက်ပါ။ မမြင်ရရင်ပုံကိုကလစ်ပြီးကြည့်ပါ။ အမှန်ခြစ်ထည့်ရမယ့်
နေရာကိုလည်းသေချာကြည့်ပေးပါ။ ဒါဆိုရင်သူငယ်ချင်းတို့ရဲ့ပုံလေးတွေကလှပလာပါလိမ့်မယ်။
အောက်မှာ PDF ဖိုင်လေးတင်ပေးထားပါတယ်။ လိုအပ်ရင်ဆွဲလိုက်ပါ။
                                       Download PDF File

                                   www.mm-knowledge.com

                                          နည်းပညာမြို့တော်

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...