Thursday, June 19, 2014

Botnet ဖြင့်ရင်ဆိုင်နေရသော WordPress ဆိုဒ်အများစု


WordPress ဆိုဒ် ၉သောင်းကျော်ကျော်ကတော့ hackers တို့တိုက်ခိုက်နေတဲ့ Botnet တို့ဖြစ်ကြပါတယ်။ ဒီတိုက်ခိုက်မှုကတော့ ခုရေပန်းစားနေတဲ့ Brute force တွေကိုသုံးပြီး password ကိုမှန်းလုပ်ကြတာဖြစ်ပါတယ်။ Web Hosting အများစုတွေလည်း ဒီအန္တရာယ်ကို သိတဲ့အတွက် သတိပေးထားပါတယ်။

Hackers တွေဘယ် attacking tools နဲ့ တိုက်ခိုက်လည်းဆိုတာကို ခုထက်ထိအတိအကျမသိရသေးပါဘူး။ Hackers တွေက WordPress ရဲ့ အရိုးအရှင်းဆုံး ၁,၀၀၀ Usernames နဲ့ password တို့ကိုသုံးကြတာဖြစ်ပါတယ်။ WordPress ရဲ့ အများဆုံး default Username က admin ပါ။ Password က Google မှာရှာလိုက်ရင် ဖလန်းလန်းပါပဲ။ နောက်တစ်ခုက အားအလွန်နည်းတဲ့ password တွေနဲ့ငြှိခဲ့ရတာဖြစ်ပါတယ်။ ထိုနည်းဖြင့်သာ ချနေကြတာပါ။ WordPress ဆိုဒ်(self-hosting) တစ်ခုဟာ botnet နဲ့တိုက်ခိုက်ခံရပြီဆိုရင် IP တွေအမျိုးမျိုးဝင်နေမှာဖြစ်ပါတယ်။

ဟက်ကာအများစုကတော့ bot net ပါတာကို အခွင့်ကောင်းယူပြီး အခု ရေပန်းစားနေတဲ့ DDoS နဲ့အချိန်ပေးပြီးတိုက်ခိုက်ကြပါတယ်။ Tech in Blogging မှ စုံစမ်းခဲ့ရတဲ့ premium hosting အဖြစ် domain နဲ့ hosting ကိုအထူး service ပေးခဲ့တဲ့ http://www.netwalkermm.com/ ကလည်း bot net ကြီးတစ်ခုဖြစ်နေပါတယ်ဗျာ။  http://www.netwalkermm.com/ က ငွေပေးရတယ်ဆိုပေမယ့် သူ့ကိုဘာနဲ့ပဲ install လုပ်လုပ်(အထူးသဖြင့် WordPress) မှာ bot net ကြီးပါနေတာကို သတိထားပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူ့မှာ http://www.netwalkermm.com/ကိုမသုံးတော့ပါဘူး။

Botnet ပါလာတဲ့ WordPress ဆိုဒ်တွေဆိုရင် SQL Injection တို့နဲ့ မကြာခဏပါသွားပါတယ်။ သူတို့ကို Google ကနေ dork တွေရှာပြီထိုးတာပါ။ Security Expert တွေကတော့ Wordpress ဆိုဒ်ပိုင်ဆိုင်သူအများအပြားကို Botnet ရှိမရှိရှာဖွေခိုင်းပြီး အကယ်လို့ရှိခဲ့တယ်ဆိုရင် ဆိုဒ်ကို စွန့်လွတ်ထားရမှာဖြစ်ပါတယ်။

မှတ်ချက် ။      ။   ကျွန်တော်သိလို့တတ်လို့ ပြောတာမဟုတ်ပါဘူး။ ပြန်လည်ဝေမျှခြင်းပါ။ WordPress ဆိုဒ်အားလုံး botnet ရန်မှ လွတ်မြောက်ပါစေဗျာ။

No comments:

Post a Comment

You may like

Related Posts Plugin for WordPress, Blogger...